Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
April 30, 2026

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များတွင် စစ်ကြောင်း ဝင်ရောက်နေသဖြင့် ပြည်သူများစစ်ဘေးရှောင်နေရ

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များတွင် စစ်ကြောင်း ဝင်ရောက်နေသဖြင့် ပြည်သူများစစ်ဘေးရှောင်နေရ

ဧပြီ ၆၊ VOR

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်နေသဖြင့် ပြည်သူများစစ်ဘေးရှောင်နေရကာ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း Black Vote Fighterတပ်ဖွဲ့ထံက သိရသည်။

ယင်းမာပင်မြို့နယ် တိုက်နယ် ၂ အတွင်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အားအများအပြားဖြင့် ပြီးခဲ့သည့် မတ်လ ၂၂ရက်မှစတင်ကာ ယနေ့အထိ ပြန်လည်ဆုတ်ခွါခြင်း မရှိသေးကြောင်း၊ ပုသိမ်လမ်းတလျှောက် အင်အားအများဖြင့် ဂုဏ်တောရွာ ကျေးစာကျရွာ များတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ထန်းတောကြီးရွာတပ်ဆွဲထားဆဲဖြစ်သဖြင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေပြီး ကူညီပေးပါရန် Black Vote Fighterတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

You may have missed