ဧပြီ ၆၊ VOR
ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ – ၂၇၅ က တပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။
“၂၇၅ အလံဖြူထောင်ပြီ ၊ ၄၀၀ “ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ Albino Tiger Company-1 ကလည်း Facebook Page တွင် အတည်ပြုဖော်ပြထားသည်။
KNLA ပူးပေါင်းတပ်များက တစ်လကျော်အတွင်း စစ်ကောင်စီ၏ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇) နှင့် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြဝတီမြို့စောင့်တပ် ခလရ – ၂၇၅ က တပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချရန် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တပ်မိသားစုများအပါအဝင် သင်္ဃန်းညီနောင်ဗျူဟာမှူး ဦးစီးသည့် ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇)၊ တပ်မ (၄၄) နှင့် နောက်ထပ် တပ်ရင်း (၁) ရင်း စုစုပေါင်းအင်အား (၄၀၀) ကျော်လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြဝတီမြို့တစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်တွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်သွားကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်