Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အသစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အသစ် ခန့်အပ်

ဧပြီ ၆၊ VOR

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘိရှော့ပ်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ယနေ့ ခန့်အပ်လိုက်ကြောင်း သိရသည်။

မစ္စ ဘိရှော့ပ်သည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ခုနှစ်မှ ၂၀၁၈ အထိ ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ နယ်ပယ်များတွင် အတွေ့အကြုံများလှသူ ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဥပဒေဘွဲ့ရမစ္စဘိရှော့ပ်သည် ဩစတြေးလျ အမျိုးသား တက္ကသိုလ်၏ အဓိပတိဖြစ်ပြီး နိုင်ငံရေး သက်တမ်းတလျှောက် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ထိတွေ့ ဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးများကို ခိုင်မာအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

ယခင်က ကုလအထူးသံဖြစ်ခဲ့သည့် စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ တာဝန်က အနားယူသွားပြီးနောက် တစ်နှစ်နီးပါး အကြာတွင် မစ္စ ဂျူလီဘိရှော့ပ်ကို အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အသစ် ခန့်အပ်

You may have missed