Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 25, 2025

ချင်းပြည်နယ်သို့သွားမည့် ရိက္ခာယာဉ်တန်းကို ပခုက္ကူ တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား ၇စီးကို ဖျက်ဆီးနိုင်ခဲ့

ချင်းပြည်နယ်သို့သွားမည့် ရိက္ခာယာဉ်တန်းကို ပခုက္ကူ တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား ၇စီးကို ဖျက်ဆီးနိုင်ခဲ့

ဧပြီ ၆၊ VOR

မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ယောဒေသနှင့် ချင်းပြည်နယ်သို့ ဦးတည်နေသော အင်အား (၇၀၀) ခန့်ပါ ရိက္ခာပို့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က မိနစ် (၄၀) ကြာ ကြားဖြတ်တိုက်ခိုက်ရာ ယာဉ် (၇) စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -WPF ကထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့က ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးတွင် အင်အား ၇၀၀ ခန့် ပါ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်းအား အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံ ကမ္မ တပ်ပေါင်းစု (ကမ္မ-ပကဖ)၊ ပခုက္ကူခရိုင် တပ်ရင်း ၁၃၊ BLY ပြောက်ကြားတပ်ဖွဲ့၊ ဧရာအနောက် ပြောက်ကျားတပ်ဖွဲ့(ကမ္မ တပ်ပေါင်းစု)၊ PDF Kamma(ကမ္မ တပ်ပေါင်းစု)၊ PDO/PDA၊ PRF နှင့် နယ်စီးမခြား ဖရီးဒမ်းဖက်ဒရယ် စစ်ကြောင်း (၁)စသည့် မဟာမိတ်တပ်များ စုပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/282891634760680

You may have missed