ဧပြီ ၄၊ VOR
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့ရှိ အလက (၂) တောင်ပေါ်ရပ်စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား PDF Sniper တပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၄ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သဖြင့် စစ်တပ်က ပြည်သူနေအိမ်များကို လက်နက်ကြီးပစ်ခတ် ကြောင်း ကျားဖြူ စစ်ကြောင်း က သတင်းထုတ်ပြန်သည်။
ရမန်နေ့ ဧပြီလ (၃)ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ အလက (၂) တောင်ပေါ်ရပ်စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF )လက်အောက်ခံ ကျားဖြူ စစ်ကြောင်း Sniper တပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် နေ့လည် ၁နာရီမှ ညနေ ၅နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြည်သူနေအိမ်များပေါ်သို့ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲကာလ လေးလကျော်ကြာမြင့်လာသည်နှင့်အမျှ မြို့၏ ထွက်ပေါက်များအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကော့ကရိတ်မြို့၏ ၇၀%ကို ထိန်းချုပ်ထားနိုင်ပီဖြစ်ရာ မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် တတ်နိုင်သည့်အဖက်ဖက်က ပါဝင်ကူညီပေးကြပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တားမြစ်ထားသောနေရာများသို့ ဖြတ်သန်းသွားလာခွင့်မပြုကြရန် တိုက်တွန်းထားသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်