ကေအိုင်အေရဲ့ ထိုးစစ်တွေကြောင့် စခန်းပေါင်း ၆၀ ကျော်အထိကို စစ်ကောင်စီက စွန့်လွှတ်လိုက်ရပြီး အခုဆိုရင် တရုတ်မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကိုလည်း ကေအေိုင်အေက ထိန်းချုပ်ထားပါပြီ။ မတ်လ ၂၉ ရက်နေ့က လွယ်ဂျယ်မြို့ကို ကေအိုင်အေတပ်တွေ တိုက်နေချိန်မှာတော့ မြို့ပေါ်မှာရှိတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ မိသားစုဝင်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် စုစုပေါင်း လူလေးရာခန့်ဟာ တရုတ်ဘက်ကို ခိုလှုံခွင့်တောင်းခဲ့ပေမယ့် တရုတ်ဘက်က လက်မခံဘူးလို့ လွယ်ဂျယ်မြို့ခံတွေထံက သိရပါတယ်။ မတ်လ ၂၉ ရက်နေ့ကတည်းက လွယ်ဂျယ်ကို ဝန်းရံပိတ်ဆို့ထားပေမယ့် ဧပြီလ ၂ ရက်နေ့အထိ ကေအိုင်အေဘက်က ဆက်မတိုက်တာဟာ တရုတ်အစိုးရက တားမြစ်ထားတာကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဒီအချိန်မှာပဲ ရှမ်းပြည်နယ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက တရုတ်အလိုကျလိုက်လံဖမ်းဆီးပုံတွေ လုပ်ပြလာနေပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း လည်းနေပြည်တော်ကို အေပရယ်လ ၁ ရက်နေ့က ရောက်လာပါတယ်။
–
ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးရဲ့ သတင်းထုတ်ပြန်ချက်အရ မကွေးတိုင်း ခလရ ၂၅၈ က အကြမ်းဖက်စစ်သားတွေကို ကိုတိုက်ခိုက်အောင်မြင်မှုမှာ မင်းအောင်လှိုင်စစ်သား ၃ ဉီးကို သုတ်သင်နိုင်ခဲ့ကြောင်းသိရပါတယ်။ အေပရယ်လ ၂ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ အိမ်စီးကားနဲ့ လုံခြုံမယ်ထင်တဲ့ ခလရ ၂၅၈ တပ်တွင်းက အကြမ်းဖက်စစ်သားတွေဟာ ၄င်းတို့တပ်စွဲထားရာ မြို့တွင်းရုံးနေရာတွေကို ပြန်သွားစဉ်မှာ တော်လှန်တပ်တွေက အခုလိုဝိုင်းဝန်းပစ်ခတ်နိုင်ခဲ့ကြပါပြီ။ ကားမှာပါလာတဲ့ အကြမ်းဖက်ကောင် ၇ ဉီးကို စောင့်ကြိုပစ်ခတ်မှုမှာ ၃ ဉီးသေဆုံး ၂ ဉီးဒဏ်ရာရ ကျန်လူများ ထွက်ပြေးသွားကြတယ်လို့ သတင်းများက ဆိုပါတယ်။ အောင်မြင်စွာသုတ်သင််နိုင်ပြီးနောက်မှာတော့ သေနတ် ၂ လက်နှင့်အတူ ခဲယမ်းများကိုလည်း ရရှိခဲ့ကြပါတယ်။
–
အလားတူပဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ဘက်မှာလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေတဲ့လျှပ်စစ်မီးရုံးကို ဒေသခံတော်လှန်လူငယ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်မှာ ဖြစ်ပါတယ်။ ကျိုက်ထို ခလရ ၉၆ တပ်ရင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီတပ်သား အမြောက်အမြားရှိရာ လျှပ်စစ်မီးရုံးကို ပစ်မှတ်ထားပြီး ကားနဲ့ဖြတ်မောင်းပစ်ခတ်တာကို ရုပ်သံမှတ်တမ်းများမှာ မြင်ရပါတယ်။ ဘန်ကာ ၂ ခုပျက်စီးသွားတာကိုသာ ကနဉီးသိထားရပြီး ရန်သူများထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ ၄၀ မမ တလုံးနှင့်အတူ လက်နက်ငယ်များအသုံးပြုခဲ့ကြတာ တွေ့ရပါတယ်။ ပစ်ခတ်မှုအပြီးနောက် ပြန်လည်ဆုတ်ခွာနိုင်မှုမှာ တော်လှန်ရဲဘော်များ ဘေးကင်းခဲ့ပြီး တော်လှန်တပ်တွေအနေနဲ့ကတော့ PDF တပ်ရင်း – 7805 ၊တပ်ခွဲ ၄ UG အဖွဲ့ တို့ဖြစ်ကြပါတယ်
–
အာဏာသိမ်းစစ်တပ်ရဲ့ မွန်ပြည်နယ်တွင်း ဝင်ရောက်အကြမ်းဖက်မှုတွေကြောင့် ဒေသခံမွန်လူမျိုး ၃ ဉီးသေဆုံးခဲ့ရပါပြီ။ မတ်လ ၂၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဓမ္မသတ် (ဒမစပ်ဟု ဖတ်ပါ) ကျေးရွာနေအမျိုးသားတဉီးဟာ မီးလောင်ပြင်မှာ ပစ္စည်းတွေ ပြန်ယူရင်း မီးထဲပိတ်မိသေဆုံးသွားခဲ့ရပါတယ်။
အသက် ၅၀ ဝန်းကျင်အရွယ် ဦးဝင်းဆိုသူရဲ့ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့မှသာ ကူညီကယ်ဆယ်ရေးသမားတွေက မီးလောင်ပြင်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အလားတူ မတ်လ ၃၀ ရက်နေ့မှာလည်း ကျိုက်မရောမြို့နယ်အတွင်းရှိ သံကလောင်ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်လာစဉ် ရွာမှာကျန်ရစ်နေခဲ့တဲ့ အသက် ၆၀ နိုင်ကရမ်းဆိုသူဟာ ၄င်းရဲ့ စိုက်ခင်းထဲမှာပဲ အကြမ်းဖက်ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ရပြန်ပါတယ်။ နောက်တခါ မတ်လ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်များ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ ဓမ္မသကျေးရွာနေ အသက်၅၀ အရွယ် အမျိုးသားတဦးဟာ ကော့လမုရွာမှ မော်လမြိုင်ဆေးရုံသို့သွားနေစဉ်မှာပဲ လမ်းမှာသေဆုံးသွားခဲ့ရပြန်ပါတယ်။

 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                 
                                         
                                         
                                         
                                        
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ