Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်း​က ဆယ်လအတွင်း ၂၉ကြိမ်စစ်ဆင်ရေးဆောင်ရွက်ခဲ့

ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်း​က ဆယ်လအတွင်း ၂၉ကြိမ်စစ်ဆင်ရေးဆောင်ရွက်ခဲ့

ဧပြီ ၁၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်းအဖြစ် စတင်သတင်းပို့ တိုက်ပွဲဝင်သည့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲအကြိမ်ရေ – ၂၉ ကြိမ် ဝင်ရောက်ဆင်နွှဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှု – ၆၃ ဦး၊ သေဆုံးသူ – ၃၄ ဦးရှိခဲ့ကြောင်း အတိအကျ သတင်းရရှိခဲ့ပြီး တိုက်ပွဲအခြေအနေများကြောင့် အတိအကျ စုံစမ်း၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

၅၁၀၁ တပ်ရင်းမှ ထိခိုက်ဒဏ်ရာရှိသူ ၁၂ ဦးရှိခဲ့ပြီး ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူစုဆောင်းကာ အဆိုပါရဲဘော်သစ်များအား အခြေခံစစ်သင်တန်းပေးနိုင်ရေး၊ ရဲဘော်များအား မွမ်းမံသင်တန်း၊ အထူးမွမ်းမံသင်တန်းများ ပေးနိုင်ရေးကို အစဉ်တစိုက်ဆောက်ရွက်လျက်ရှိပြီး ရှေ့တန်းဧရိယာများတွင်လည်း မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ မနားမနေ တိုက်ပွဲဝင်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်သည်။

https://www.facebook.com/VORLiveNews/videos/1563427420869333

You may have missed