ဧပြီ ၁၊ VOR
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ စစ်ကောင်စီ အမြောက်တပ် ၃၀၂ တပ်ရင်းထံ စစ်အင် အား လာဖြည့်တင်းသည့် မြေသယ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း Ba Htoo Army က သတင်းထုတ်ပြန်သည်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်မှ ရေး – ထားဝယ် လမ်းမကြီးအတိုင်း ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းထံ စစ်အင်အား လာရောက်ဖြည့်တင်းသည့် မြေသယ်ကား ၂ စီးပေါ်က စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီးလမ်းဘေးထိုးကျတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မ တော် -BHA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ရေး အသိ၊ သတိရှိစွာ သွားလာနေထိုင်ရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တရားဝင်အသိပေး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်