Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

စစ်ရေးအရှိန်မြှင့်မည်ဖြစ်သဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းသွားလာမှုများနှင့်ပတ်သတ်၍ ထုတ်ပြန်

စစ်ရေးအရှိန်မြှင့်မည်ဖြစ်သဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းသွားလာမှုများနှင့်ပတ်သတ်၍ ထုတ်ပြန်

ဧပြီ ၁၊ VOR

အမှတ်(၃)စစ်ဒေသခွဲ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများမှ စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင်ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းလုံခြုံရေးနှင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ဘက်မှ အရပ်သုံးကားများကိုအသုံးပြု၍ သွားလာခြင်း၊ အရပ်သားပြည်သူအသွင်ဖြင့် စစ်အင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန်
အောက်ပါအတိုင်းထုတ်ပြန်ထားသည်။

(၁) အမှတ်(၈) ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်အထိနံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ သာသွားလာခွင့်ပြုသည်။

(၂) သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန်ခရီးသွားလာရာတွင် မော်တော်ယာဥ်များ မှန်ချမောင်း၍
တာဝန်အရစစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံရမည်။

(၃) အထက်ပါထုတ်ပြန်ချက်အား လိုက်နာရန်ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များအား ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများမှ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်ရေးအရှိန်မြှင့်မည်ဖြစ်သဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းသွားလာမှုများနှင့်ပတ်သတ်၍ ထုတ်ပြန်

You may have missed