Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
September 26, 2025

KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိ

KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိ

မတ် ၃၁၊ VOR

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း KIA က ပစ်ချခဲ့နိုင်ခဲ့သည့် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်၏ အစိတ်အပိုင်းများကို ယခုရက်ပိုင်းအတွင်း KIA က သိမ်းယူ ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုမှ ပြန်လည် တွေ့ရှိရကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလောအကြား၌ စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးတပ်များ၏ ပစ်ချမှုများကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် လေယာဉ် ၇ စီး ဆုံးရှုံးထားသည်။

You may have missed