မတ် ၃၁၊ VOR
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ပြီး အဆိုပါစုဖွဲ့မှု ရဲဘော်များမှာ ပခုက္ကူမြို့နယ်အခြေစိုက် Young Force UG ၊ Earthquake People’s Defence နှင့် Pakokku People’s Defense Force မှ ရဲဘော်အယောက်(၇၀)ဦးဖြင့် စုဖွဲ့ခြင်းဖြစ်ကြောင်း Young Force UG အဖွဲ့ထံက သိရသည်။
အဆိုပါရဲဘော်များအား စည်းလုံးရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသည့် အရေးကြီးသည့်အချက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်းစည်းကမ်းများ၊ လက်နက်ကိုင်နည်းဥပဒေလမ်းစဉ်များကို တိကျသေချာစွာ လိုက်နာရန်နှင့် နွေဦးတော်လှန်ရေး၏ အဓိကအသက်သွေးကြောဖြစ်သည့် ပြည်သူလူထုတစ်ရပ်လုံးအား အစဉ်အမြဲဦးထိပ်ပန်ဆင်လေးစားရန်၊ ယခင်ထက် ပိုမိုကောင်းမွန်ကျစ်လစ်ခိုင်မာသော စုဖွဲ့မှုအင်အားစုဖြစ်ရန်နှင့် ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအဝဝကို မိမိအသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော်တစ်ဦးချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များနှင့်နာယကများမှ မှာကြားမိန့်ခွန်းပြောဆိုခဲ့ကြောင်း သိရသည်။
အခမ်းအနားကို Earthquake People’s Defence Force၊ Young Force UG၊ Pakokku People’s Defense Force နှင့် Hunter Pku အဖွဲ့တို့မှ အဖွဲ့အစည်းခေါင်းဆောင်များနှင့် နာယကများ တက်ရောက်ခဲ့ပြီး ရဲဘော်များအား လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်ခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များအား စုဖွဲ့မှုသင်တန်း နောက်အပတ်စဉ်အား ပူးပေါင်းပါဝင် တက်ရောက်စေလိုကြောင်း နွေးထွေးပျုဌာလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပြီး တော်လှန်ရေး၏ အရွေ့တစ်ခုဖြစ်ရန်နှင့် မိမိတို့မြို့နယ်အား ယခင်ထက်ပိုမို ကောင်းမွန်သော စုဖွဲ့မှုတစ်ရပ်ဖြစ်ရန်နှင့် တော်လှန်ရေးရဲဘော်အချင်းချင်း အပြန်အလှန် လေးစားမှုရှိစေရန် ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ