Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
January 13, 2026

မွန်ပြည်သူများအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ စုပေါင်းအားနှင့် အတူတကွတွန်းလှန်ကြရန် ရာမည ဖက်ဒရယ်အင်အားစုသစ်က နှိုးဆော် " လ္ပကဵုဒှ်ဍိက်ရ ကောန်ရးမညတံ" "စစ်ကျွန်မခံနဲ့ ရာမညသားတွေ"စသည့် ကြွေးကြော်သံများဖြင့် မြို့သပိတ်ပြုလုပ်

မွန်ပြည်သူများအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ စုပေါင်းအားနှင့် အတူတကွတွန်းလှန်ကြရန် ရာမည ဖက်ဒရယ်အင်အားစုသစ်က နှိုးဆော်

မတ် ၂၉၊ VOR

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာလူနေအိမ်များကို စစ်တပ်က လက်နက်ကြီးနှင့် အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ခဲ့ခြင်းသည် မွန်လူထုကို ပြောင်ပြောင်တင်းတင်းကြီး စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း၊ မွန်ပြည်သူများ အနေဖြင့်လက်ပိုက်ကြည့်မနေဘဲ စုပေါင်းအားနှင့် အတူတကွတွန်းလှန်ကြရန် အမျိုးသားရေးတာဝန်အရ ကျရာနေရာက တိုက်ပွဲဝင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း ရာမည ဖက်ဒရယ်အင်အားစုသစ်က နှိုးဆော်ထားသည်။

ယခုအချိန်တွင် မွန်ပြည်နယ်အတွင်း စစ်ရေးအရအရှိန်မြှင့်လာပြီဖြစ်သလို မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်အုပ်စုက်ိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများကို အရာမည ဖက်ဒရယ်အင်အားစုသစ်က ဖွဲ့သားများက ကြိုးစားလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

” လ္ပကဵုဒှ်ဍိက်ရ ကောန်ရးမညတံ” “စစ်ကျွန်မခံနဲ့ ရာမညသားတွေ”စသည့် ကြွေးကြော်သံများဖြင့် မွန်ပြည်နယ် ရာမညမြေတွင် မြို့သပိတ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် မြို့ပေါ်သပိတ်ပေါင်းစပ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝိုင်းဝန်းဖြိုချကြရန် တိုက်တွန်းထားသည်။

You may have missed