မတ် ၂၉၊ VOR
မကွေးတိုင်း၊ ငဖဲမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA သတင်းထုတ်ပြန်သည်။
မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၅၀၀) ခန့်အကွာ၌ စစ်ကောင်စီတပ်၏ အင်အား (၄၀) ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ဘက်မှ မျက်မြင် (၄) ဦး ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၅၈) မိနစ်အချိန်တွင်လည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ (၇၀၀) ခန့်အကွာတောင်ကြော၌ ရန်သူ အင်အား (၅၀) ဦးခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ မျက်မြင် (၆) ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့ကာ တိုက်ပွဲအတွင်း လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် AA သည် ရက္ခိုင်ဒေသအပြင် ကချင်လွပ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင်ပါ ဝင်ရောက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ