မတ် ၂၉၊ VOR
TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ ပျက်စီးနေသည့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဒေသခံလူထုများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် မတ်လ(၁၂)ရက်နေ့မှ စတင်ကာ ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ခင်းကျင်း လျက်ရှိကြောင်း TNLA သတင်းထုတ်ပြန်သည်။
အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည်အထက်မန်လွယ်၊ အောက်မန်လွယ်၊ အထက်တောင်ကျော်၊ အောက်တောင်ကျော်၊ ငွန်ဆိုင်းနှင့် လွယ်ခမ်းကျေးရွာမှတဆင့် မန်စံနှင့် လားရှိူးမြို့သို့ အဓိက သွားလာနေသည့် လမ်းမကြီးဖြစ်သည်ဟု သိရသည်။
ယခုအခါ သွား/လာအသုံးပြုနေသည့် ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ဒေသခံလူထုများက ကွန်ကရစ်လမ်းအဖြစ် တိုးမြှင့်ခင်းကျင်းလိုက်ပြီဖြစ်ရာ ယခင်ကထက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ယင်း ကွန်ကရစ်လမ်းသည် ဒေသခံ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၆၀၀)ကျော်အပြင် ဒေသခံလူထုများ၏ စုပေါင်းလုပ်အားဒါနဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အကျယ် (၁၀)ပေနှင့် အရှည်ပေ(၂၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ