မတ် ၂၉၊ VOR
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကား ၂စီးဝင်ရောက်မှုကြောင့်ဒေသပြည်သူများ စစ်ရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
ယနေ့မတ်လ ၂၉ရက်နေ့တွင် ယင်းမာပင်မြို့နယ်မှ ကားတန်းပါ စစ်ကြောင်းသည် ဆားလင်းကြီမြို့နယ် ကံကုန်းရွာမှတစ်ဆင့် ညောင်ပင်ကြီးဘက်သို့ ကား၂စီးဖြင့်ဝင်ရောက်မှုကြောင့် ပြည်သူများ ယာယီရှောင်ကြရသည်ဟု သိရသည်။
မြေပြင်ကင်းထောက်များ၏ ပြောပြချက်အရ စည်းရုံးရေးဆင်းရန် ရောက်ရှိလာသည်ဟု သိရကြောင်း၊ကျေးရွာ တချို့တွင် ယာယီတပ်စွဲထားသဖြင့် ပြည်သူများသတိရှိရှိသွားလာကြရန် သတိပေးထားသည်။
More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်