Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
December 8, 2025

ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ဦးသေဆုံး

ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ဦးသေဆုံး

မတ် ၂၈၊ VOR

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြားတွင် စစ်အင်အား၃၀ကျော်ဖြင့် အခိုင်အမာတပ်ဆွဲထားသည့် ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်သည်။

မတ်လ ၂၇ ရက် နံနက် (၄:၄၇)နာရီခန့်တွင် ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ဘီလူးစစ်ကြောင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဘက်မှပစ်ခတ်သည့် 79ဗုံးသီး၂လုံးနှင့် လက်လုပ်၄၀မမ ဗုံးသီး၄လုံး ဂိတ်စခန်း ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ကင်းတာဝန်ကျ စကစ၂ဦးအား အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲ ၃၂မိနစ် ကြာမြင့်၍ စကစများ အထိနာသဖြင့် ခမရ(၆) တိမ်မြုပ်တပ်မှ လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဗိုလ်ရုံစုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်၄ဦး ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးသေ ၆ဦး ဒဏ်ရာရရှိပြီး ခမရ(၆) တိမ်မြုပ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်းပင်ကုန်းကျေးရွာ အနောက်ကုန်း ဘုန်းကြီးကျောင်းဝန်းထဲရှိ သိမ်​နှင့် ဆွမ်းစားဆောင်တို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

You may have missed