မုံရွာအရာတော်လမ်းပိုင်း ကျွန်းဖိုပင်ကျေးရွာမှာတပ်စွဲထားတဲ့ မင်းအောင်လှိုင်တပ်သားတွေနဲ့ ကမ်းဖြူကျေးရွာက စစ်သားတွေလိုက်ပါတဲ့ ၆ ဘီးကားတစီးနဲ့ နောက်ထပ် လိုက်ထရပ်ကားတစီး စုစုပေါင်းနှစ်စီးကို ပင်လုံဆီဆိုင်အနီးမှာ တော်လှန်တပ်တွေ အနီးကပ်တိုက်ပါတယ်။
–
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အပါအဝင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ မင်းအောင်လှိုင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက သတင်းထုတ်ပြန်ထားပါတယ်။
–
အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာသည့် ကားအစီး ၁၂၀ ကျော်ပါ ရိက္ခာပို့ စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်တာ ဖြစ်ပါတယ်။ မင်းအောင်လိုင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
–
စစ်ကောင်စီတပ်တွေ ထိုင်ခဲ့တဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ်စခန်းဖြစ်ပါတယ်။ မင်းအောင်လှိုင်စစ်သားတွေကတော့ ကြိုတင်ထွက်ပြေးသွားပါပြီ။ ထွက်ပြေးတပ်ဖွဲ့ကို ခလရ ၁၂၁ မှ ဗိုလ်မှူး သန့်ဇင်ကိုကို ဦးစီးတယ်လို့သိရပြီး အင်အား ၅၀ ခန့်ပါတယ်လို့ သတင်းကဆိုပါတယ်။ အခုလို စစ်တိုက်ဖို့ လူမရှိတဲ့ စခန်းကိုတော့ ကေအိုင်အေတပ်များက အလွယ်တကူ ဝင်ရောက်သိမ်းပိုက်လိုက်ကြတာ ဖြစ်ပါတယ်။
–
ရွှေဘိုမြို့ပေါ်မှာ စစ်တပ်ထောက်ပို့ကား အင်အား ၆၀ ကိုတိုက်ရာမှာ ၇ ဉီးကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပါတယ်။ ရုပ်သံမှတ်တမ်းများနှင့်တကွ ရှုစား နားဆင်ရမယ့် တိုက်ပွဲသတင်းတွေ ဖြစ်ပါတယ်ခင်ဗျာ

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ