Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 13, 2025

KNLA နှင့် PDF တို့က ထိုင်းမြန်မာ နယ်စပ်၊ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း အသိပေးထုတ်ပြန်

KNLA နှင့် PDF တို့က ထိုင်းမြန်မာ နယ်စပ်၊ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း အသိပေးထုတ်ပြန်

မတ် ၂၀၊ VOR

KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး KNLA နှင့် PDF တို့က ထိုင်းမြန်မာ နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က သတင်းထုတ်ပြန် သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့)တို့က မတ်လ ၁၉ရက်နေ့ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖက်စစ်တပ်၏ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား မတ်လ (၁၅) ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ည ၁၀း၃၀ နာရီတွင် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ်(၁)လက်၊ ၄၀မမဗုံးသီး (၁၀) လုံး၊ ၅.၅၆ ကျည် (၂၀၀) တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့မှ ၎င်းစခန်းကုန်းအား ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် မတ်လ (၁၉) ရက်နေ့တွင် ရန်သူများထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ (၄း၁၅) နာရီတွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

၄င်းတိုက်ပွဲတွင် သေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း (၆၁) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိနေသာ စစ်ကောင်စီတပ်သား (၅၀) ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု သိရသည်။

KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၄င်းမြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း အသိပေးထုတ်ပြန်သည်။

You may have missed