Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

အတင်းအဓမ္မ စုဆောင်းခံရမည့် ပြည်သူများကို ကာကွယ်ပေးရန် အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

အတင်းအဓမ္မ စုဆောင်းခံရမည့် ပြည်သူများကို ကာကွယ်ပေးရန် အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

မတ် ၁၉၊ VOR

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသည့် ပြည်သူများကို ကာကွယ်ပေးနိုင်ရတ် စစ်ကိုင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများ ဆန့်ကျင်ကြရန်နှင့် ဆန့်ကျင်သည့် ပြည်သူများကို ကူညီပေးနိုင်ရန် အဓမ္မ စစ်မှုထမ်းခိုင်းခြင်း ဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး လာရောက်ဆက်သွယ်သူများကို စိစစ် လက်ခံရေးအဖွဲ့နှင့် ပြန်လည်ချိတ်ပေးကာ လိုအပ်သည်များမေးမြန်းပြီး ကာယကံရှင်၏ ပါဝင် ဆောင်ရွက်လိုသည့်အပိုင်းကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) အဖွဲ့က အကူအညီပေးမယ့်သူများမှာ စစ်ကိုင်းတိုင်းမှတ်ပုံကိုင်ဆောင်ထားသူ ၅/ ဖြစ်ရမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ အဓမ္မစစ်မှုထမ်းဖို့ သတ်မှတ်ထားသည့် အသက် အရွယ်ဖြစ်ရမည်ဟု ဆိုသည်။

ကူညီပေးမည့်လုပ်ငန်းအဖွဲ့က စီစဉ်ချိတ်ဆက်ပေးသည့် နေရာကို သွားရောက်နေထိုင်နိုင်ရမည်ဖြစ်ပြီး လုပ်ငန်းအဖွဲ့က စီစဉ်ပေးသည့် တော်လှန်ရေး (သို့မဟုတ်) ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် မိမိ တတ်စွမ်းသရွှေ့ အနည်းဆုံးတစ်နှစ် တာဝန်ထမ်းရွက်လိုသူဖြစ်ရမည်ဟု ဆိုသည်။

အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့အနေဖြင့် ကူညီပေးသွားမည့်သူများထဲတွင် အကြမ်း ဖက်စစ်ကောင်စီကို တနည်းနည်းဖြင့် အားပေးထောက်ခံခဲ့သူ၊ စစ်တပ်ထုတ် ကုန်ဖြန့်ဖြူးရောင်းချသူ၊ Non – CDM များ မပါဝင်ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချပြီး ယင်းဥပဒေကို ဆန့်ကျင်မည့် ရည်ရွယ်ချက်တူ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်ထားသည်။

You may have missed