မတ် ၁၉၊ VOR
မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ မတ်လ (၁၉)ရက်နေ့တွင် အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင်ကြား နယ်မြေစိုးမိုးမှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။
မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ရေးသိမ်းငှက်၊Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force(YAF)၊ KNLA တပ်ရင်း(၂၇) တို့က အမှတ်(၈) လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မိဘပြည်သူများနှင့်လည်းတွေ့ဆုံခဲ့ပြီး စကစ နှင့် စကစထောက်တိုင်များဖြတ်သန်းသွားလာမှုများအားလည်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
တော်လှန်ရေးမဟာမိတ်တပ်များဘက်မှ စတင်စစ်ဆေးချိန်တွင် မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူများ၏ သွားလာမှုလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်မှ မလွှဲတောင်ဂိတ်အား သော့ခလောက်ဖြင့်ပိတ်ကာ စခန်းအတွင်းပုန်းအောင်းနေခဲ့ကြကြောင်း၊ စစ်တပ်ဘက်မှ Mi -35 တစ်စီး မော်လမြိုင် ရတခမှတက်လာပြီး ကင်းထောက်လေယာဉ်နှစ်ကြိမ်လည်း ပျံသန်းခဲ့သည်ဟု သိရသည်။
ခရီးသွားပြည်သူများတွင် အမျိုးသမီးများပါရှိသည့်အတွက် မဟာမိတ်ပူးပေါင်းတပ်များရှိ ရဲမေများကလည်း နယ်မြေစိုးမိုးလှုပ်ရှားမှုတွင် ပါဝင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။
နယ်မြေစိုးမိုးရှင်းလင်းမှုအား မနက် ၇နာရီမှ ညနေ ၃နာရီအထိ စစ်ဆေးခဲ့ပြီး စစ်တပ်ဘက်မှ တုံ့ပြန်မှုများ ပြုလုပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်များဘက်က မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကိုလည်း ရှင်းလင်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။









More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်