မတ် ၁၉၊ VOR
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ တာမခန်စခန်းသိမ်းတိုက်ပွဲတွင် KIA နှင့်အတူ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်းပါဝင်ပြီး ရဲဘော် ၃ဦးကျဆုံးခဲ့ရကြောင်း NAGA’S People Defence Force က သတင်းထုတ်ပြန်ထားသည်။
တာမခန်စခန်းသိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်တနေ့ ဒီဇင်ဘာ ၂၇ရက်နေ့တွင် တာမခန်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်စခန်းများအား ဆက်လက်တိုက်ခိုက်ခဲ့ရာ မတ်လ ၉ရက်နေ့တွင် စစ်ကောင်စီတပ်ဖက်က အလံဖြူထောင်လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘောာ် ၃ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း ကျဆုံးရဲဘောများ၏ မိသားစုများနှင့်ထပ်တူဝမ်းနည်းရပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကျန်တော်လှန်ရေးရဲဘော်များအား ကဗျည်းမှတ်တမ်းတင်ထားပြီး မပြီးပြတ်သေးသည့် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုထားသည်။



More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ