မတ် ၁၈၊ VOR
တိုင်းရင်းသား တော်လှန်ရေးသမားတွေနဲ့ မြန်မာပြည်သူတွေအတွက် အင်တာနက် အခမဲ့ ရရှိနိုင်ရေး နည်းလမ်းတွေ ပံ့ပိုးပေးဖို့ SpaceX ကုမ္ပဏီ စီအီးအို၊ Starlink ဂြိုဟ်တုအင်တာနက်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) ပါမောက္ခ ယန်ဟီးလီက တောင်းဆိုခဲ့ပါတယ်။
ပါမောက္ခ ယန်ဟီးလီက မတ်လ ၁၆ရက်နေ့မှာ ၎င်းရဲ့ X အကောင့်ကနေတဆင့် တိုက်တွန်းတောင်းဆိုလိုက်တာပါ။
“မစ္စတာမက်စ်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် သူတို့ဘဝတွေကို စတေးပြီး တိုက်ပွဲဝင်နေကြတဲ့ မြန်မာနဲ့ တိုင်းရင်းသား တော်လှန်ရေးသမားတွေကို အခမဲ့အင်တာနက်ရရှိနိုင်ရေး နည်းလမ်းတွေ ထောက်ပံ့ပါလား” လို့ တောင်းဆိုထားပါတယ်။
အင်တာနက်အခက်အခဲကြောင့် မြန်မာနိုင်ငံတွင်းက ပြည်သူတွေဟာ စစ်တပ်က လေကြောင်းတိုက်ခိုက်လာတော့မယ်ဆိုရင် ချက်ချင်း သတိမပေးနိုင်သလို မိသားစုဝင်တွေ ဘယ်ရောက်နေသလဲဆိုတာ မသိနိုင် ဖြစ်နေရတယ်လို့ ယန်ဟီးလီက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
တရားမဝင် မြန်မာစစ်အာဏာရှင်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဘယ်လို ကျူးလွန်နေတယ်ဆိုတာကို ကမ္ဘာကြီးက သိဖို့လိုတယ်လို့လည်း ယန်ဟီးလီက ဆိုပါတယ်။
စစ်မှုထမ်းဥပဒေကို ကျင့်သုံးလိုက်တာကလည်း တရားမဝင် စစ်ကောင်စီဟာ ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအပေါ် နောက်ထပ် ကြမ်းကြုတ်ရက်စက်တဲ့ နည်းဗျူဟာတွေ ကျင့်သုံးမှု ဥပမာတခုသာ ဖြစ်ပြီး နေ့စဉ် မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် မြန်မာပြည်သူတွေ ချပြနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို အင်တာနက် အခမဲ့ စီစဉ်ပေးတာဟာ လကို သွားတာထက် ပိုပြီးဈေးသက်သာပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

I’m really impressed with your writing skills as neatly as with the format in your weblog. Is that this a paid subject matter or did you modify it yourself? Either way stay up the nice high quality writing, it’s rare to look a nice blog like this one today!