Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

စစ်တွေမြို့နှင့် ၃၇မိုင်အကွာက ရသေ့တောင်မြို့ကို AA သိမ်းပိုက် လတ်တလော စစ်သင်တန်းပေးထားသော မွတ်စလင်အချို့၏အလောင်းများ၊စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများစွာရရှိ

စစ်တွေမြို့နှင့် ၃၇မိုင်အကွာက ရသေ့တောင်မြို့ကို AA သိမ်းပိုက်၊ လတ်တလော စစ်သင်တန်းပေးထားသော မွတ်စလင်အချို့၏အလောင်းများ၊စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများစွာရရှိ

မတ် ၁၈၊ VOR

ရက္ခိုင်ပြည်၏မြို့တော် စစ်တွေမြို့နှင့် ၃၇မိုင်အကွာက စစ်တွေခရိုင်အတွင်းတည်ရှိသည့် ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်က အပြိးသတ်သိမ်းပိုက်ပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း (၃) ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဤစခန်းများအတွင်းမှ စစ်အင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်စလင်အချို့၏ အလောင်းများ၊ စစ်သား အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်။

You may have missed