Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှူထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှူထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်

မတ် ၁၈၊ ၂၀၂၄

စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှူထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေပေါင်းစုပြီး အမ်စတာဒမ် မြို့ (ဒမ်စကွဲယား) ရင်ပြင်မှာ မတ်လ ၁၆ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်အုပ်စုကိုကာကွယ်ပေးတဲ့ ဥပဒေမို့လို့ ကန့်ကွက် ရတာဖြစ်တယ်လို့ ပွဲတက်ရောက်လာတဲ့ မရေချယ်က ပြောပါတယ်။

“သူတို့ရဲ့ အသက်အိုးအိမ်ကိုကာကွယ်ဖို့အတွက် လူသားဒိုင်းလိုတယ်ရှင့် အဲ့ဒိအတွက် ဒီဥပဒေကိုပြဌာန်းလိုက်တာဖြစ်တယ်လို့ သုံးသပ်မိတယ်”လို့ မရေချယ်က VOR ကိုပြောပါတယ်။

အခမ်းအနားကို တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပြီး ဥရောပ တက္ကသိုလ်မှာပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တွေလဲ ပါဝင်ခဲ့သလို အိမ်နီးချင်း ဘယ်ဂျီယံနိုင်ငံကပါ ပူးပေါင်းပါဝင်ခဲ့တာကြောင့် လူ၁၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကရေးဆွဲခဲ့တဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်း ရမည့်ဥပဒေတစ်ရပ်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းလိုက်တာပါ။

မြန်မာနိုင်ငံက ဖိနှိပ်ခံပြည်သူတွေအတွက် နိုင်ငံတကာက အဝေးရောက်မြန်မာတွေကလည်း တက်နိုင်တဲ့ဘက်က အစွမ်းကုန်ကြိုးစားနေတယ်လို့ ပွဲတက်ရောက်လာသူတွေက ပြောပါတယ်။

နိုင်ငံအနှံ့တွင် ထိုးစစ်ဆင်ခံနေရသည့် စစ်တပ်ဟာ စစ်သည်အင်အား အရေးတကြီးလိုအပ်နေချိန်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်တွေကို စုဆောင်းနေတာဖြစ်သလို ပျက်ကွက်မည်ဆိုလျှင်လည်း ထောင်ဒဏ် ၅ နှစ်ကျခံရမယ်လို့ စစ်ကောင်စီက ပစ်ဒဏ်ချမှတ်ထားတာပါ။

ဒီမတရားဥပဒေတွေကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသလို စစ်ကောင်စီကို တော်လှန်ရင်းကျဆုံးခဲ့ရတဲ့ မြန်မာလူငယ်တွေအတွက် ဆုတောင်းမေတ္တာပို့သမှုတွေလဲ ပြုလုပ်ခဲ့ပါသေးတယ်။

https://www.facebook.com/VORLiveNews/videos/1460121477876835

You may have missed