မတ် ၁၇၊ VOR
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတွင်လာရောက်အခြေပြုလျှက်ရှိသော စစ်ကောင်စီတပ် စကခ(၁၃) လက်အောက်ခံ ကျိုက်ဒုံဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆) ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း KNLA ဗဟိုက သတင်းထုတ်ပြန်သည်။
ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ RPG/ပွိုင့်5/ငါးကြင်းမှီးစက်သေနတ်အပါအဝင် လက်နက်ငယ်ပေါင်း (၈၆)လက် ၊ ၆၀မမ(၄)လက် ၊ ၈၁မမ(၂)လက် ၊ ၁၂၀မမ(၁)လက် ၊ Drone Gun(၂)လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ပူးပေါင်းတပ်များမှ ဝိုင်းပတ်ပိတ်ဆို့ထားရှိကာ မတ်လ ၁၃ရက် နံနက် ၆နာရီ မိနစ် ၅၀အချိန်တွင် တက်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ပြီး မတ်လ ၁၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် စခန်းအားအပြီးပိုင် သိမ်းပိုက်ရရှိခဲ့သည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်