Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

ဆွမ်ပရာဘွမ်မြို့ မြို့နယ်မှူး ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး လက်နက်ချခဲ့ပြီးနောက် ဒေသ တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်

ဆွမ်ပရာဘွမ်မြို့ မြို့နယ်မှူး ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး လက်နက်ချခဲ့ပြီးနောက် ဒေသ တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်

မတ် ၁၇၊ VOR

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ ရဲစခန်းမှစခန်းမှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး KIAထံ လက်နက်ချ အလင်းဝင်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်ဒေသ တစ်ခုလုံးနီးပါး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာများထံက သိရသည်။

မတ်လ ၈ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့ ရဲစခန်းမှ မြို့နယ်မှူး ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး KIA ထံတွင် လက်နက်ချ အညံ့ခံချိန်တွင် လက်နက်ချ အညံ့မခံသည့် ရဲအုပ် နေလင်းဟိန်းမှာ စခန်းအတွင်း တစ်ဦးတည်း တပ်စွဲကာ ပစ်ခတ်မှုများအတွင်း သေဆုံးသွားသဖြင့် ၎င်းကို RIP ပြုလုပ်သည့် စာသားများလည်း လူမှုကွန်ယက်တွင်ပျံ့နှံ့လာသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက စတင်ထိန်းချုပ်ခဲ့ရာ ဆွမ်ပရာဘွမ်မြို့ ရဲစခန်းမှစခန်းမှူးဦးဆောင်သည့် အဖွဲ့သည် KIAထံ လက်နက်ချ အလင်းဝင်ခဲ့ပြီးနောက် ကျန်ရှိနေသည့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIA က ဆွမ်ပရာဘွမ်ဒေသတစ်ခုလုံးနီးပါး သိမ်းပိုက်ထားနိုင်သည့် အခြေအနေရှိနေပြီး အနည်းငယ်ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေကြောင်း သိရသည်။

You may have missed