Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း အားလုံးတိုက်ထုတ်နိုင်ခဲ့

KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း အားလုံးတိုက်ထုတ်နိုင်ခဲ့

မတ် ၁၆၊ VOR

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း အားလုံးတိုက်ထုတ်နိုင်ခဲ့ပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေကြောင်း ဒေသမီဒီယာများထံက သိရသည်။

မတ်လ ၇ရက်နေ့မှ စတင်ကာ KIA က လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ဆင်ရေးတိုးမြှင့် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးကျန်ရှိသည့် ဘွမ်ရယ်ဘွမ်တောင်စစ်ကောင်စီဗျူဟာစခန်းကို ယမန်နေ့က သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် လိုင်ဇာဝန်းကျင်ရှိ စစ်တပ်စခန်းများမှ တပ်မ ၈၈ တပ်မမှူး ဦးဆောင်သော အဖွဲ့ ၊ စကခ ၂၁ ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်ဇင်အေး ဦးဆောင်သော အဖွဲ့များ ထွက်ပြေးနေသည်ဟု သတင်းများရရှိထားကြောင်း၊ စခန်းများမှ ပျောက်နေသော စစ်သားများလည်းရှိနေသဖြင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း အားလုံးတိုက်ထုတ်နိုင်ခဲ့

You may have missed