မတ် ၁၆၊ VOR
ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ယမန်နေ့မတ်လ (၁၅) ရက်၊ နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့အချို့ အား လိုက်လံဖမ်းဆီးလျက်ရှိသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည်၏မြို့ ၈မြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ