Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

ဖလူးစခန်း ကျိုက်ဒုံဗျူဟာစခန်း တပ်ရင်း ၃၅၅ စခန်းတို့ကတော့ ပျက်သုဉ်းသွားခဲ့ပါပြီ.

ဖလူးစခန်း ကျိုက်ဒုံဗျူဟာစခန်း တပ်ရင်း ၃၅၅ စခန်းတို့ကတော့ ပျက်သုဉ်းသွားခဲ့ပါပြီ

မတ် ၁၆၊ VOR

မြဝတီအနီးက သင်ကန်းညီနောင်တိုက်ပွဲမှာ တပ်ရင်းသိမ်းတိုက်ပွဲတွေဆင်နွှဲအပြီး KNLA တပ်တွေဟာ ကြာအင်းဆိပ်ကြီးက ကျိုက်ဒုံဗျူဟာကိုလည်း အောင်အောင်မြင်မြင် သိမ်းယူလိုက်ကြပါပြီ။

မတ်လ ၈ ရက်နေ့က ခမရ ၃၅၅ ကို သိမ်းယူအောင်ပွဲခံစဉ်မှာ ဗုံးကြဲဖို့အသင့်ပြင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ ဉီးအသက်ပေးခဲ့ရလို့ ပြည်သူတွေဘက်က ယူကျုံးမရဖြစ်ခဲ့ပါတယ်။

မင်းအောင်လှိုင်စစ်သားကတော့ ၁၉ ဉီးမျက်မြင်သေဆုံးတယ်လို့ သိရပါတယ်။ လေကြာင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် အပြစ်မဲ့ ပြည်သူကတော့ ၁၀ ဉီးထက်မနည်း သေဆုံးသွားပါတယ်။

ဆက်လက်ပြီး ခမရ ၃၅၆ နှင့် ၃၅၇ တပ်ရင်းကိုလည်း KNLA ဉီး‌ဆောင်တဲ့ တော်လှန်ပူးပေါင်းတပ်တွေဘက်က ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ၃၅၇ ကိုပစ်မှတ်ထားတိုက်ပွဲများမှာလည်း စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ သတင်းများကဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်မှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အတွင်းက ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းက ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲ့က KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။

ကျိုက်ဒုံဗျူဟာကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက KNLA ဦးဆောင် တော်လှန်တပ်များက စတင်တိုက်ခိုက်နေခဲ့တာပါ။ ရိက္ခာနှင့် စစ်ကူ မလာနိုင်စေရန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် အခုလို မတ်လ ၁၄ ရက်နေ့တွင် ဗျူဟာမှူးကိုယ်တိုင် လက်နက်ချခဲ့ကြတာပါ။

“စတိုက်တာက ဇန်နဝါရီလ ၂၇ ရက်နေ့လောက်ကစတိုက်တယ်၊ မတ်လ ၁၃ ရက်နေ့မှာ တက်ရောက်ချေမှုန်းတယ်။ မတ်လ ၁၄ ရက်နေ့ညနေမှာ အားလုံးရတယ်။ လက်နက်အများအပြား ရာနဲ့ချီပြီးရပါတယ်၊ ကိုယ့်လူ ကျဆုံး သုံးယောက်၊ ဒဏ်ရာရတာတော့များတယ်၊ လေယာဥ်ဗုံးကျဲလို့ အနားနီးရွာကပြည်သူတွေ ထိခိုက်မှုများတယ်”လို့ KNU တပ်မဟာ ၆ ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီနောက်မှာတော့ အထိနာတဲ့ စစ်ကောင်စီဟာ ကေအန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ယခုမတ်လ ဒုတိယပတ်မှစတင်၍ အပြင်းအထန်ဗုံးကြဲမှုများကို နေ့ညမပြတ် လုပ်ဆောင်လာနေပါတယ်။ တပ်မဟာ ၆ နယ်မြေတွင်းမှာတော့ နှစ်ပေါင်းများစွာကတည်းက အခြေချထားခဲ့ ဖလူးစခန်း ကျိုက်ဒုံဗျူဟာစခန်း တပ်ရင်း ၃၅၅ စခန်းတို့ကတော့ ပျက်သုဉ်းသွားခဲ့ပါပြီ။

တိုက်ပွဲတွေမှာ မသေခင်အသက်မဲ့နေတဲ့ ရုပ်ရည်သွင်ပြင်များနဲ့ မင်းအောင်လှိုင်စစ်သားတွေကို နေ့စဉ်နဲ့အမျှ မြင်ဖူးကြမှာပါ၊ ဒီချိန်မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်လူငယ်လေးတွေဟာ အရပ်သားဘဝကနေ စစ်ကောင်စီကိုရွံရှာလို့ စစ်သားဖြစ်လာကြပေမယ့် ပြည်သူတွေရဲ့ ချစ်ခင်မှုကြောင့် တိုက်ပွဲတွေကြားမှာပဲ ပျော်ပျော်ရွှင်ရွှင် စွန့်စားနေကြတဲ့ ရုပ်သံဖိုင်အချို့ကြောင့် ပြည်သူတွေရဲ့ ချစ်ခင်မှုတွေဟာ တရက်ပြီးတရက် တိုးလာနေကြောင်းပါခင်ဗျာ။

You may have missed