Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

စစ်ကောင်စီတပ်က ထမ်းယံကျေးရွာကို ဗုံးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်သည့်ရုပ်သံ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် PNLA တို့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ဦးသေဆုံး

စစ်ကောင်စီတပ်က ထမ်းယံကျေးရွာကို ဗုံးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်သည့်ရုပ်သံ

မတ် ၁၆၊ VOR

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ထမ်းယံကျေးရွာကို စစ်ကောင်စီတပ်က ဗုံးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်သည့်ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ နေ့လည် ၁း၃၀ နာရီတွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့ ညနေခင်း ၅ နာရီအချိန်တွင်လည်း စစ်ကောင်စီသည် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအတွင်းသို့ မီးလောင်ဗုံးဖြင့် လေးကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထမ်းယံကျေးရွာအတွင်းရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဘက်တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု သိရသည်။

ဆိုက်ခေါင်စံပြကျေးရွာနှင့် ဆီဆိုင်မြို့အရှေ့မြောက်ဘက်ရှိ မွေတော်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး မြို့ကိုဆက်လက်ဖျက်ဆီးနေလျက်ရှိသည်ဟု ဆိုသည်။

https://www.facebook.com/VORLiveNews/videos/3613858665492850

You may have missed