Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
February 15, 2026

ကနီမြို့တိုက်ပွဲ၌ ဘီလူးစစ်ကြောင်းကပါစစ်ကူပေးခဲ့ပြီး စစ်ကောင်စီဝင် (၄၇) ဦး သေဆုံး၊ လက်နက်ခဲယမ်းအများအပြားရရှိ

ကနီမြို့တိုက်ပွဲ၌ ဘီလူးစစ်ကြောင်းကပါစစ်ကူပေးခဲ့ပြီး စစ်ကောင်စီဝင် (၄၇) ဦး သေဆုံး၊ လက်နက်ခဲယမ်းအများအပြားရရှိ

မတ် ၁၆၊ VOR

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို ယင်းမာပင်ခရိုင် တပ်ပေါင်းစုမှ မတ်လ (၂) ရက်မှ မတ်လ (၁၂) ရက်ထိ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၇) ဦး သေဆုံးခဲ့ပြီး အလောင်း (၁၁) လောင်း ရရှိခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀) ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ကနီမြို့သိမ်းတိုက်ပွဲကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ကနီမြို့နယ် ပအဖ၊ ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသို့ စစ်ကောင်စီတပ်က လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jammer (၂) ခု သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကနီမြို့သိမ်းတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော် (၁၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကနီမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း ရန်သူ့ဘက်မှ စစ်ကူအင်အား အများအပြားပို့ချခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

You may have missed