Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
November 7, 2025

မတ်လ ၁၁ရက်နေ့က ဖလူးစခန်းသိမ်းတိုက်ပွဲတွင် တွေ့ရှိရသည့် KNLA ရဲဘော်များ

သင်္ဃန်းညီနောင် ခမရ ၃၅၇ စခန်းသိမ်းနိုင်ရန် KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်နေ

မတ် ၁၅၊ VOR

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ် ခမရ ၃၅၇ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်များထိုးစစ်ဆင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ၎င်းစခန်းအား သိမ်းပိုက်ရရှိပြီဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မတ်လ (၇) ရက်နေ့ကစပြီး KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ က သင်္ဃန်းညီနောင်ရှိ ခလရ ၃၅၅၊ ၃၅၆၊ ၃၅၇ ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခမရ ၃၅၅ အား PDF များသိမ်းပိုက်ပြီးနောက် ခမရ ၃၅၆ နှင့် ၃၅၇ တို့ပူးပေါင်းနေကြသည့် ၃၅၇ အားသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်မှ စခန်းမကျဆုံးစေရေး အပြင်းအထန်ခုခံလျက်ရှိပြီး နယ်ခြားစောင့်တပ် BGF များကပါ စစ်တပ်ဘက်မှ စစ်ကူပေးနေကြောင်း ဒေသတွင်းမီဒီယာများထံက သိရသည်။

ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

မတ်လ ၁၁ရက်နေ့က ဖလူးစခန်းသိမ်းတိုက်ပွဲတွင် တွေ့ရှိရသည့် KNLA ရဲဘော်များ

You may have missed