မတ် ၁၅၊ VOR
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် စက်မှုဇုန် အနီးရှိ လယ်ဇင်၊ သက္ကယ်ကျင်း ကျေးရွာများကို စစ်အုပ်စုလက်ပါးစေများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ၂ က သတင်းထုတ်ပြန်သည်။
ယမန်နေ့မတ်လ ၁၄ရက်နေ့တွင် တစ်ရွာလုံးနီးပါး ဘုရားစေတီ ဓမ္မာရုံ ဘုန်းကြီးကျောင်းများပါ မီးရှို့ဖျက်ဆီးခံရပြီး ရွာလယ်လမ်းဆုံတွင် ဆိုင်ကယ်ဘေးတွဲ မီးဖိုပါ မှန်ပုံးပါ အကင်သည်ဟု ယူဆရသော မီးလောင်လျှက်ရှိသည့် အလောင်းတစ်လောင်းတွေ့ရှိရကြောင်း သိရသည်။
ရွာ၏ ၉၀ရာခိုင်နှုန်းမီးရှို့ခံရပြီး သက္ကယ်ကျင်းကျေးရွာမှ မီးဘေးသင့် ပြည်သူများအကူများလိုအပ်လျက်ရှိသဖြင့် ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံထားသည်။
https://www.facebook.com/VORLiveNews/videos/1403823653586996
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်