မတ် ၁၅၊ VOR
ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက် ပျက်စီးသွားကြောင်း PNLA က သတင်းထုတ်ပြန်သည်။
ယနေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီက အကြောင်းမဲ့ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းတွင်းရှိ သာမဏေကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့်နီးကပ်သည့် နေအိမ်များသည်လည်း ပြတင်းပေါက်များ တံခါးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင်လည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားပင့်ဆောင်သည့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်