Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

ကျိုက်ဒုံ ဗျူဟာစခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ခန့် KNLA ထံတွင် အလံဖြူထောင် လက်နက်ချ

ကျိုက်ဒုံ ဗျူဟာစခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ခန့် KNLA ထံတွင် အလံဖြူထောင် လက်နက်ချ

မတ် ၁၅၊ VOR

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံ ဗျူဟာစခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲ့က KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံလိုက်ကြောင်း သတင်းအရင်းမြစ်များထံက သိရသည်။

ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ KNLA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၄ ရက်နေ့တွင် ဗျူဟာမှူး ဦးဆောင် လက်နက်ချလာသဖြင့် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆ နာရီအချိန်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။

လက်နက်ချသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း သိရှိရသည်။

https://www.facebook.com/VORLiveNews/videos/7839495356079776

You may have missed