Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
October 30, 2025

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေးကဏ္ဍသို့ ဖိတ်ကြားမှုဖြင့် တက်ရောက်

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေးကဏ္ဍသို့ ဖိတ်ကြားမှုဖြင့် တက်ရောက်

မတ် ၁၄၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် စလိုဗက်ကီးယားနိုင်ငံ (Slovakia) Bratislava မြို့တွင် ကျင်းပပြုလုပ်နေသည့် CEEasia Forum ၏ ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေး ကဏ္ဍ သို့ ဖိတ်ကြားမှုဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂအနေဖြင့် ချမှတ်ထားသော မူဝါဒများအား အကောင်းဆုံးပုံစံဖြင့် ချဉ်းကပ်သင့်ကြောင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ(၂)ဦးလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲနှင့်တဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးသည် စလိုဗက်ကီးယားနိုင်ငံ ၏ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

You may have missed