Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

NUCC နှင့် NLD က အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ထုတ်ပြန်

NUCC နှင့် NLD က အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ထုတ်ပြန်

မတ် ၁၄၊ VOR

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့က အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအနှံ့ ဖြစ်ပွားလျက် ရှိသည့် ခုခံစစ်ပွဲများတွင် အဓမ္မလုပ်အားခိုင်းစေရန်နှင့် လူသားဒိုင်း အသုံးချရန်အတွက် လူငယ်လူရွယ် များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမည့် စစ်မှုထမ်း ကြေညာချက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လူငယ် မျိုးဆက်အား အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွင်းသို့ အဓမ္မ သွတ် သွင်းသည့်လုပ်ရပ် ဖြစ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စု၏ “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း” နှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်မည့် အစီအမံမှန်သမျှကို ကမ္ဘာတဝှမ်းနှင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထုတရပ်လုံးက ဆန့်ကျင့်ကန့်ကွက် ကြရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့်ပြည်တွင်းပြည်ပရှိ လူငယ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက် ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲများ၊ တောင်းဆိုလှုပ်ရှားမှုကိုထောက်ခံကြိုဆို၍ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု” အဖြစ် စုပေါင်းလက်မှတ် ရေးထိုးမှုကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင်စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာသည်။

မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးထံသို့ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်အုပ်စု ကျဆုံး သည် အထိ ဖိအားပေး အရေးယူနိုင်ရေး ကိုစဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့် https://www.change.org/antiforcedconscription တွင် ပါဝင်စုပေါင်းလက်မှတ် ရေးထိုးပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

You may have missed