Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 2, 2026

CRPH နှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

CRPH နှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

မတ် ၁၄၊ VOR

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHနှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ ညနေ မြန်မာစံတော်ချိန် ၁၆၁၅ နာရီတွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲသို့ ဥရောပသမဂ္ဂ၏ European External Action Service (EEAS) မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း CRPH က သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အခြေအနေများနှင့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ်၌ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် တိုက်ခိုက်မှုများအပါအဝင် မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့အရေးဖြေရှင်းမှုတွင် ဆက်လက်ပံ့ပိုးကူညီပေးရန် ဥရောပပါလီမန်အား တိုက်တွန်းတောင်းဆိုခဲ့သည်ဟု သိရသည်။

You may have missed