မတ် ၁၄၊ VOR
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ တောင်ခြေတွင် ရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရကြောင်း PNLA က သတင်းထုတ်ပြန်သည်။
မတ်လ ၁၂ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့များ လှုပ်ရှားခြင်း ရောက်ရှိခြင်းပင်မရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
ထို့သို့ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့၏ လက်ပါးစေများက တော်လှန်ရေးတပ်ဖွဲ့များမှ ရွာကိုမီးရှို့သည်ဟုဆိုကာ သတင်းအမှားများထုတ်လွင့်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား သွေးခွဲနေသည်ကိုလည်းတွေ့ရှိရကြောင်း PNLA က ဆိုသည်။
နမ့်ဟူးကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာမဟုတ်သလို ပအိုဝ်းဒေသလုံခြုံရေးလှုပ်ရှားမှု စစ်ကြောင်းသည်လည်း ယင်း နမ့်ဟူးကျေးရွာသို့ ရောက်ရှိခြင်းမရှိသေးကြောင်း PNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိဘပြည်သူများ၏ နေအိမ်များ ရွာများ မြို့များကို မီးရှို့ဖျက်ဆီးခြင်း တိုက်ခိုက်ခြင်းသည် စစ်ကောင်စီနှင့်အပေါင်းအပါများသာ ပြုလုပ်သည်ကို တတိုင်းပြည်လုံး အသိဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သည် ဆိုက်ခေါင်စံပြကျေးရွာမှနေပြီး ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်၁၄ အိမ်ထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်