Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
November 7, 2025

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းရွာရှိ ခလရ ၂၃၇ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ရရှိ

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းရွာရှိ ခလရ ၂၃၇ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ရရှိ

မတ် ၁၄၊ VOR

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဒါဆိုင်းရွာရှိ ခလရ ၂၃၇ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

မတ်လ ၁၃ ရက်နေ့ မနက် ၇ နာရီ အချိန်ခန့်မှ စတင်၍ ဒါဆိုင်းရွာ ခလရ ၂၃၇ စခန်း ကို KIA နှင့် KPDFပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး ယနေ့နံနက် (၈) နာရီ အချိန်ခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရန် တပ်စခန်းအနည်းငယ်သာကျန်ရှိတော့ကြောင်း သိရှိရသည်။

၀၃၀၇ စစ်ဆင်ရေး ၇ရက်ကြာကာလအတွင်း KIA က ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်း မော် မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းရွာရှိ ခလရ ၂၃၇ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ရရှိ

You may have missed