Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 25, 2025

TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူ ၅ဦးကို ဖမ်းဆီးရမိ

TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူ ၅ဦးကို ဖမ်းဆီးရမိ

မတ် ၁၃၊ VOR

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါးရောင်းချသူများကို PSLF/TNLA အုပ်ချုပ်ရေးမှ ဖမ်းဆီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မတ်လ ၁၀ရက်နေ့တွင် ကချင်လူမျိုးဖြစ်သူ မာနော် အသက်(၂၄) နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါး ရောင်းချနေခြင်းဖြစ်ပြီး ၎င်းအတူ ရောင်းဝယ်သူ (၄) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ကွတ်ခိုင်မြို့ ရပ်ကွက် (၅)တွင် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးအသုံးဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

၎င်းတို့ (၅)ဦးကို PSLF/TNLA အုပ်ချုပ်ရေးဌာနမှ ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ကွတ်ခိုင်မြို့အတွင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းဝယ်မှုနှင့် လောင်းကစားရုံများ ပေါများလာမှုကြောင့် ခိုးဆိုးလုယှက်မှုလည်း မကြာခဏဖြစ်ပွားခဲ့သည်ဟု TNLA က ဆိုသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများကို ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

You may have missed