မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန်တွင် KNU/KNLA နှင့် ပူးပေါင်း PDF တပ်များက သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅ စစ်ကောင်စီအခြေစိုက်စခန်းကို သိမ်းပိုက်မှုအောင်မြင်မှုမှတ်တမ်းဖြစ်သည်။ ရန်သူအများအပြားသေဆုံးကာ RPG ၊ စက်သေနတ်အပါအဝင် လက်နက် ၁၄၀ လက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းမိကြောင်းကို KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်လိုက်သည်။ KNLA တပ်မဟာ ၆ ဉီးဆောင်စစ်ကြောင်းက မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန်တွင်စတင်တဲ့တိုက်ပွဲမှာ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
–
သိမ်းဆည်းရမိသော စစ်ပစ္စည်းများမှာ စစ်မော်တော်ယာဉ် ၆ စီး၊ RPG ၊ NATO စက်သေနတ် အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း ၁၂၇ လက် ၊ 60 mm ၊ 81 mm လက်နက်ကြီးစိန်ပြောင်း မျိုးစုံ ၁၃ လက် ၊ ၎င်းလက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့် စစ်အသုံး အဆောင်ပစ္စည်းအမြောက်အများဖြစ်သည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်