မတ် ၁၃၊ VOR
အရှေ့တီမောနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရုံးဖွင့်ခွင့်ပေးမယ့်အပြင် မြည်မာပြည်သူတွေကိုလဲ ကြိုဆိုလျက်ရှိတယ်လို့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ပြောဆိုလိုက်ပါတယ်။
အဲ့ဒိပြောဆိုမှုကို RFA နဲ့ သီးသန့်မေးမြန်းချိန်မှာ သမ္မတကြီးက ပြောဆိုလိုက်တာပါ။
“အရှေ့တီမောဆိုတာက လွတ်လွပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုပါ။ NUG အစိုးရဟာလည်း တရားဝင် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုပါ။ ဘာကြောင့် ကျွန်တော်တို့က ရုံးဖွင့်ခွင့်မပေးရမှာလဲ။ NUG အစိုးရကသာ လာပြီးရုံးခန်းဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တို့က ဖွင့်ခွင့်ပေးပြီးသားပါ။ ဒါတင်ဘယ်ကမလဲ မြန်မာနိုင်ငံက ပြည်သူတွေလာချင်တယ်ဆိုရင်လည်း ကျွန်တော်တို့က ကြိုဆိုပြီးသားပါ။ မြန်မာပြည်က ဘဏ်လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ စိုက်ပျိုးရေး နည်းပညာ အတတ်ပညာရှင်တွေ လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ မြန်မာပြည်မှာ မငြိမ်းချမ်းသေးလို့ တီမောမှာခဏလာနေပြီး အလုပ်လုပ်ချင်တယ်ဆိုရင်လည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။” ဆိုပါတယ်။
အရှေ့တီမောနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသမှာရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်င်ငံတွေက အင်ဒိုနီးရှားနဲ့ ဩစတြေးလျနိုင်ငံတို့ဖြစ်ပါတယ်။
အရှေ့တီမောသမ္မတကြီးဟာ NUG အစိုးရနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးပြီး မကြာခဏဆိုသလို မိန့်ခွန်းပြောကြားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတကြီးရဲ့ လာအိုအပါအဝင် အနောက်နိုင်ငံတွေရဲ့ ခရီးစဉ်မှာ အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ မြန်မာ့အရေးဆွေးနွေးခဲ့ပါသေးတယ်။
“ရောမမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့တော့လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ပြင်သစ်ရောက်တော့လည်း သမ္မတ မက်ခရွန်းနဲ့ ဆွေးနွေးခဲ့သလို၊ လန်ဒန်မှာလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကန်မရွန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ လာအိုမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဘာတွေဆွေးနွေးလဲဆိုတာ အကုန်လုံး ထုတ်မပြောနိုင်ပေမဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သူတွေ့သင့်တွေ့ထိုက်တဲ့သူအားလုံးနဲ့ တွေ့ဆုံဖို့ဆန္ဒရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော မြန်မာစစ်တပ်နဲ့ပါ တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။” လို့ RFA နဲ့ သီးသန့်မေးမြန်းချိန်မှာ သမ္မတကြီးက ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံခေါင်းဆောင်တွေကြားမှာ သဘောတူထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ပေါ်အောင် လုပ်ဖို့လိုတယ်ဆိုတာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ အရှေ့တီမောနိုင်ငံထိပ်တန်းသံတမန်တချို့ မြန်မာစစ်တပ်ရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ