၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း လူသားချင်းစာနာမှုအကူအညီ ပံ့ပိုးပေးမှုအခြေအနေကို ထုတ်ပြန်ရာမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.၂)သန်း ကို တော်လှန်ရေးကာလအတွင်း အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့သည်ဟု ဖော်ပြပါရှိသည်။ ဝန်ကြီးဌာနသည် “ပြည်သူမှပြည်သူ အလှူငွေ” ကိုအသုံးပြုကာ အဆိုပါ ငွေကျပ် (၃၅၀. ၂)သန်းအား တလတာကာလအတွင်း အရေးကြီးသည့် ဆောင်ရွက်ချက်များ အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုသို့ပေးအပ်ရာတွင်
(၁) နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၀၉,၄၀၄) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၈၃) သန်း
(၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၉၆) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၅၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၈) သန်း
(၃) CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၅.၆) သန်း
(၄) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂.၆) သန်း
(၅) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၁၁) သန်း တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်ဟု သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
–
အခုလိုပေးအပ်နိုင်ခဲ့သည့် အကူအညီများစာရင်းကို ထုတ်ပြန်ရခြင်းသည်
အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူနိုင်ရန်အတွက် (၁) လတာအတွင်း ပံ့ပိုးနိုင်ခဲ့ခြင်းအခြေအနေများကို အစီရင်ခံ တင်ပြခြင်းဖြစ်ပြီး (၃) နှစ်ကျော်ကာလအပိုင်းအခြားတခုထိတိုင်အောင် အဘက်ဘက်မှ အကျပ်အတည်းများကို ရင်ဆိုင်ပြီး တော်လှန်နေကြဆဲ ပြည်သူတဉီးချင်းစီကိုလည်း လေးစားဂုဏ်ယူသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းရေးသားထုတ်ပြန်ထားတာကို တွေ့ရှိရပါသည်။




More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ