Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
February 14, 2026

ရန်ကုန်-မန်းလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂၀တွင် စစ်အုပ်စုယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်-မန်းလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂၀တွင် စစ်အုပ်စုယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မတ် ၁၀၊ VOR

ရန်ကုန်-မန်းလေး အမြန် လမ်းမကြီး မိုင်တိုင် ၃၂၀တွင် စစ်အုပ်စုယာဉ်တစ်စီးကို မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi. People Defence. Forceက သတင်းထုတ်ပြန်သည်။

မတ်လ ၈ရက်နေ့နံနက် ၁၀ နာရီ ၁၀မိနစ် အချိန်၌ (တပ်မ ၈၈) မကွေးမှ စစ်ကောင်စီလက်ပါးစေ ကျော်သူရပိုင် ဦးစီးသော စစ်သည်တော်ကျင့်ဝတ်စာမေးပွဲဖြေဆို ပြန်လာသည့် စစ်ယာဉ်တစ်စီးကို ရန်ကုန်-မန်းလေး အမြန် လမ်းမကြီး မိုင်တိုင် အမှတ် ၃၂၀တွင် ရှေ့ထွက်မိုင်း ၈ လုံးဖြင့် Natogyi. People Defence. Force မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိခိုက်မှုအခြေအနေများကိုတော့ မသိရှိရသေးပေ။

https://www.facebook.com/VORLiveNews/videos/367899072742155

You may have missed