စစ်ကောင်စီကတော့ ရှမ်းမြောက်မှာလို အရှုံးကြီးနဲ့ ထပ်မကြုံရဖို့ မြဝတီအနီးက သင်္ကန်းညီနောင်တိုက်ပွဲမှာ လေကြောင်းပစ်ကူတွေ အကြီးအကျယ်သုံးနေရပါတယ်။ Y12 နဲ့ 100Kg ဗုံးသီးတွေကို တစ်ခါကျဲရင် ၁၀ လုံးနီးပါးကျဲချနေတာ တစ်နေကုန်ပဲ JetFighter ကလည်းကြဲတယ်လို့ မတ်လ ၉ ရက်နေ့ သင်္ကန်းညီနောင်တိုက်ပွဲအခြေအနေကို တိုက်ပွဲနဲ့နီးစပ်သူတွေက ရေးသားထုတ်ပြန်ထားတာတွေ့ရပါတယ်။
–
အာဏာသိမ်းအုပ်စုအခြေအနေဟာ စစ်ရေးရှုံးနိမ့်မှုသာမကဘဲ အာဏာရှင်အတွက် အသက်မစွန့်လိုခြင်း အမြင်မှန်ရမှုတွေလည်း တိုးပွားလာနေပါတယ်။ ဒါ့ကြောင့်လည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးက KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေထံ လက်နက်ချအညံ့ခံလိုက်တယ်လို့ KIA သတင်းရင်းမြစ်က အတည်ပြုဆိုပါတယ် ‘ရဲမှူးနဲ့ တပ်ဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၃ ဦး အလင်းဝင်တယ်။ သူတို့ဘက်ကနေ ဆက်သွယ်ပြီး အလင်း ဝင်တာပါ။ လက်နက်တွေလည်းပါတယ်” လို့ KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုပါတယ်။
–
BGF အမည်ပြောင်း KNA ကိုဘယ်လိုဆက်ပြီးလည်ပတ်မလဲဆိုတာနဲ့ စစ်တပ်လက်အောက်မှာ BGF ရထားတဲ့ နယ်မြေနဲ့ ဂိတ်တွေရဲ့ လည်ပတ်နိုင်မှုဘယ်လိုဖြစ်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လက်ရှိ မှာတော့ ကရင်ပြည်နယ် ဘားအံအပါအဝင် နေရာအချို့မှာ BGF တပ်ဖွဲ့ဝင် တချို့က စစ်ကောင်စီတပ်နဲ့အတူ ပူးတွဲလုပ်ဆောင်မှုတွေရှိနေကြပါသေးတယ်။ မတ်လ ၇ ရက်နေ့တုန်းကလည်း ကေအန်ယူခေါင်းဆောင်ဟောင်းများကို ဘီဂျီအက်ဖ်ခေါင်းဆောင် စောချစ်သူက တွေ့ဆုံပြီး ဂုဏ်ပြုပြွဲခေါင်းစဉ်တပ်ကာ ပိုက်ဆံတွေ ပေးခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် အတည်မပြုနိုင်တဲ့သတင်းတွေအရ စစ်တပ်လက်အောက်ကနေ BGF ခွဲထွက်ချိန်မှာ ဗိုလ်မှူးကြီးစောချစ်သူက KNU ဘက်ကို ကားအစင်း ၄၀ လက်ဆောင်ပေးတယ်ဆိုတဲ့ပြောဆိုချက်တွေလည်း ထွက်ပေါ်လာပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ