Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
November 7, 2025

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေး ကျောင်းပေါင်း(၅၀၀)ကျော် ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက CDM ဆရာ/မများကိုသာ ဖိတ်ခေါ် သွားမည်ဟု ဆို

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေး ကျောင်းပေါင်း(၅၀၀)ကျော် ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက CDM ဆရာ/မများကိုသာ ဖိတ်ခေါ် သွားမည်ဟု ဆို

မတ် ၁၀၊ VOR

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် တအာင်းပြည်နယ်အတွင်း အခြေခံပညာရေး ကျောင်းပေါင်း(၅၀၀)ကျော် တိုးချဲ့ဖွင့်လှစ်သွားမည်ဟု တအာင်းအမျိုးသားပညာရေးကော်မတီ TNEC နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် TLEC မှ ဦးစီးဖွင့်လှစ်ထားသော ကျောင်းပေါင်း (၃၈၁) ကျောင်းအပါအဝင် မိဘပြည် သူများအတွက် လိုအပ်နေသည့် အခြေခံပညာကျောင်းပေါင်း (၅၅၀)ကျော်တို့ကို သင်ကြားရေးဆရာ/မများ ရရှိနိုင်မှုအပေါ် မူတည်ပြီး ဖွင့်လှစ်သွားမည်ဟု သိရသည်။

TLEC ကျောင်းတွင် ပြည်သူနှင့်အတူ ရပ်တည်သည့် နိုင်ငံတစ်ဝှမ်းလုံးရှိ CDM ဆရာ/မများကိုသာ ဆက်လက် ဖိတ်ခေါ် သွားမည် ဖြစ်ပြီး တအာင်းဒေသအတွင်းရှိ CDM ဆရာ/မများအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အား အသုံးပြုပြီး ဒေသပညာရေးတည်ဆောက်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားသည်။

အခြေခံပညာ ဖြေဆိုပြီးမြောက်သည့် လူငယ်မောင်မယ်များကိုလည်း TLEC တွင် ပညာရေးဝန်ထမ်းအဖြစ် ပါဝင်ပေးကြ ပါရန် ဖိတ်ထားသည်။

အစည်းအဝေးတွင် TNEC ၏ အခြေခံပညာကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး၊ အဆင့်မြင့်ပညာရေး ကျောင်းများ အား တိုးချဲ့ဖွင့်လှစ်သွားပြီး ခိုင်မာသည့် တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးအား မြှင့်တင်ဖွင့်လှစ် နိုင်ရေးတို့ အပါအဝင် TNEC ဖက်ဒရယ်ပညာရေးမူဝါဒ၊ မိခင်ဘာသာစကားအခြေပြုပညာရေးမူဝါဒ စသည်တို့ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

လာမည့်ပညာသင်နှစ်များတွင် ဒေသ‌ရှိ ပြည်သူတဝှမ်းလုံး၏ ပညာရေးကဏ္ဍအား ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန်၊ အမျိုးသားအခြေပြုပညာရေးအစား ပြည်သူအားလုံး ပါဝင်နိုင်သည့် ဒေသအခြေပြုပညာရေးအား ဖော်ဆောင်သွားနိုင်ပါရန် အဖွဲ့အစည်းအမည်ဖြစ်သော တအာင်းအမျိုးသားပညာရေး ကော်မတီ – TNEC အား “တအာင်းပြည်ပညာရေး ကောင်စီ Ta’ang Land Education Council – TLEC” အဖြစ် ပြောင်းလဲသွားရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

TNEC စီမံ အုပ်ချုပ်ရေးရုံး၊ အခြေခံပညာကျောင်းများ၊ ဆရာအတတ်သင်ကျောင်း၊ Ta’ang Land University တို့၏ လုပ်ငန်းအစီရင်ခံ စာနှင့် ဘဏ္ဍာရေး အစီရင်ခံစာတို့ကို တင်ပြခြင်း၊ ဆွေးနွေးသုံးသပ်ခြင်း၊ စုဖွဲ့မှုအား ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

You may have missed