မတ် ၉၊ VOR
Generation Z Army(GZတပ်တော်)က ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ပညာသင်ယူခွင့်၊ တိုက်ပွဲအတွေ့အကြုံများကို ရယူနိုင်ခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။
ရက္ခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင်ရက္ခိုင့် တပ်တော်မှ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး နှင့် ဇက်သင်္ဘော (၁) စီးတို့အားသိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ၏တပ်မဌာနချုပ် စကခ(၉)၊ ခမရ(၃၇၄)/(၃၇၅)/(၃၇၆)တို့အား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ရေးအောင်မြင်မှု၊ ထိုးစစ်များ နှင့် ကမ္ဘာသိသတင်းများအတွင်းတွင် Generation Z Army(GZတပ်တော်)မှ စစ်ပညာသင်ယူခွင့်၊ တိုက်ပွဲအတွေ့အကြုံများကို ရယူနိုင်ခဲ့သည်မှာ သေးငယ်သော အဖွဲ့အစည်းများအတွက် တန်ဖိုးဖြတ်မရသည့် အတွေ့အကြုံဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤကဲ့သို့ အတွေ့အကြုံရရှိစေရန် အခွင့်အရေးပေးခဲ့သော အဖွဲ့အစည်းကို ကျေးဇူးတင်ရှိကြောင်းနှင့် ရရှိခဲ့သောတိုက်ပွဲ၊ တော်လှန်ရေးအတွေ့အကြုံများကို အဖွဲ့အစည်းအတွင်း လက်ဆင့်ကမ်းမျှဝေရင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပို၍ ပို၍ ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ