Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 16, 2026

ဓာတ်ပုံ - Karen National Union

နတ်သံကွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေ

မတ် ၉၊ VOR

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး ဒေသခံတွေဟာ နေရပ်မပြန်နိုင်တာ ၃ လနီးပါးလောက် ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းက နတ်သံကွင်းမြို့အတွင်းနဲ့ အပြင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ဖို့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အချိန်ကစလို့ဘဒေသတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်ကနေ တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်ပြန်သူတွေကိုလည်းစစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာအပြင် တော်လှန်ရေးတပ်တွေ ရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာကြောင့် နတ်သံကွင်းမြို့တွင်း မြို့ပြင်မှာရှိတဲ့ နေအိမ်အများ အပြား ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ညောင်လေးပင်ခရိုင်တစ်ခုလုံးအတိုင်းအတာမှာ စစ်ရှောင်သိန်းချီရှိနေတဲ့အတွက် အရပ်ဘက်စစ်ရှောင် ကူညီသူ အဖွဲ့တွေအနေနဲ့ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို သိနိုင်ဖို့ ခက်ခဲပြီး နတ်သံကွင်း စစ်ရှောင်ပြည်သူတွေဟာ စားသောက်ရေး နဲ့ ကျန်းမာရေးအတွက် မိမိတို့ဘာသာ ဖြေရှင်းနေရတယ်လို့ သိရပါတယ်။ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း လူကြုံနဲ့မှာရပြီး ပုန်းလျှိုးကွယ်လျှိုးသယ်နေပြီး ရှောင်တခင်စစ်တဲ့ စစ်ဆေးရေးဂိတ်တွေရှင်းတဲ့အခါမျိုးမှာ ဝယ်ယူနေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရေလဲ၊ နောင်ကုန်း၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ငနွားဆိတ်၊ အညာစု၊ အုန်းပင်စု အစရှိတဲ့ ကျေးရွာတွေကိုမတ်လ(၄)ရက်နေ့ကနေ (၈)ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ပါတိုက်ခိုက်တာကြောင့် ဒေသခံ(၇)ဦးသေဆုံးပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာ (၁၈) ရွာမှ လူဦးရေ (၂၀,၀၀၀) နီးပါး နေရပ်စွန့်ခွါထွက်ပြေးနေရတယ်လို့ KNU ဗဟိုကလည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Karen National Union

ဓာတ်ပုံ – Karen National Union

You may have missed