Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
November 7, 2025

မွတ်ဆလင်လူငယ်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေပြီး ရှေ့တန်းသို့ ပို့ဆောင်နေ

မွတ်ဆလင်လူငယ်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေပြီး ရှေ့တန်းသို့ ပို့ဆောင်နေ

မတ် ၉၊ VOR

ရခိုင်ပြည်မှ မွတ်ဆလင်လူငယ်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေပြီး ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်နေသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင်ပျံ့နှံ့လာသည်။

စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အတွင်းရှိသော မွတ်ဆလင်လူမျိုး အမျိုးသားများအား လစာ ကျပ် ၁၅၀,၀၀၀ ၊ ဆန်တစ်အိတ်နှင့် စားဆီတစ်ပိဿာ ပေး၍ စည်းရုံးကာ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ယူနေခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ရက္ခိုင်ပြည်စစ်မျက်နှာများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုမြောက်သည့် တပ်သားစုဆောင်းမှုများနှင့် စစ်သင်တန်းပေးမှုများကို လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုမှုများရှိနေပြီး ထိုစစ်သင်တန်းကို စစ်ကောင်စီ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကိုယ်တိုင် ကြည့်ရှုကြပ်မတ်နေခြင်းဖြစ်သည်။

https://www.facebook.com/VORLiveNews/videos/2786996084808894

You may have missed